play

 

မကြာမီ ရက်ပိုင်းက အွန်လိုင်းစာမျက်နှာများပေါ်တွင် နာမည်ကြီးခဲ့တဲ့ ကချင်တိုင်းရင်းသူလေး လုလုအောင်က အရင်ကထက် ပရိသတ်တွေပိုပြီးအားပေးလာတဲ့အပေါ် အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

play

 

Sexy ပုံတွေ ရိုက်ကူးဖြစ်ပေမဲ့ အပြင်မှာတော့ အရှက်ကြီးသူ တစ်ယောက်ဖြစ်တာကြောင့် sexy ဆန်ဆန်အဝတ်အစားတွေ ဝတ်ပြီး လျှောက်မသွားတတ်ဘူးလို့ သူက ပြောပါတယ်။

play

ငယ်ငယ်က လက်လှမ်းမမီခဲ့တဲ့ မလုပ်ခဲ့ရတာလေးတွေကို အားလပ်ချိန်မှာ အပျော်ရိုက်ကူးရင်း မထင်မှတ်ဘဲ အသိအမှတ်ပြု ခံလာရတဲ့အတွက် အားလုံးကို ကျေးဇူးတင်မိပါတယ်လို့ သူမက ဆိုပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကံခေခဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ သမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဝကို ဖြတ်သန်းခွင့်ရသလို ဝါသနာပါတဲ့ အလုပ်တွေ လုပ်ခွင့်ရတာကြောင့် ဘဝကို ကျေနပ်မိတယ်လို့ သူမက ပြောပါတယ်။

play

လုလုအောင်ဟာ ၂၀၀၄ နှစ်ခုနှစ်ကတည်းက ရန်ကုန်ကို ရောက်ရှိလာတာဖြစ်ပြီး အနုပညာအလုပ်တွေ လုပ်ခဲ့ သူလည်း ဖြစ်ပါတယ်။

Photo :  လုလုအောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video