Local Celebrity: မျက်ကြည်လွှာ ပြဲသွားခဲ့တဲ့ သက်မွန်မြင့်

ဒဏ်ရာဟောင်းကြောင့် သက်မွန်မြင့် တစ်ယောက် စိတ်ညစ်နေရပါတယ်။

play

 

"ချစ်တယ်ပြောမှ လွှတ်မယ်"ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရင်း မျက်ကြည်လွှာပြဲသွားခဲ့တဲ့ ဒဏ်ရာက အခုထက်ထိ မသက်သာသေးဘူးလို့ သိရပါတယ်။ ဒဏ်ရာဖြစ်ခဲ့တာ ကြာခဲ့ပေမဲ့ အဲဒီဒဏ်ရာက ပြန်နာနေတာကြောင့် မျက်ကြည်လွှာပြဲသွားတဲ့ ဒဏ်ရာက သေရာပါဖြစ်သွားမလားတောင် မသိတော့ဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"အရမ်းတော့ မလန့်ကြပါနဲ့။ ဒဏ်ရာဟောင်းပါ။ "ချစ်တယ်ပြောမှ လွှတ်မယ်"ရုပ်ရှင်ရိုက်တုန်းက ဖြစ်ခဲ့တဲ့ မျက်ကြည်လွှာပြဲသွားတဲ့ ဒဏ်ရာက သေရာပါ ဖြစ်သွားမလားတောင် မသိတော့ပါဘူး။ ကားရိုက်ရင် ဒေါသထွက်တဲ့ အခန်းတို့ အသားကုန်ငိုရတဲ့အခန်းတို့ဆို မျက်လုံးတဝိုက်တင်မဟုတ်ဘူး ခေါင်းတခြမ်းပါ ကိုက်တတ်တာ။ ခု ကားရိုက် နားတော့ စာဖတ် ရုပ်ရှင်ကြည့် FB ကနေ ပရိသတ်နဲ့ အဆက်သွယ်မပြတ်အောင်နေမယ် စိတ်ကူးပါတယ် နေကမကောင်း မျက်လုံးကနာ။ ဘဝ ဘဝ။ မကြာမကြာတော့ ပုံတွေ ကြိုးစား တင်ပါ့မယ်နော်။ မေ့သွားကြဦးမယ်"လို့ သူမက ရေးသားထားပါတယ်။

play

 

သူမရဲ့ ပရိသတ်တွေ စိတ်မပူစေဖို့ကိုလဲ ပြောထားပါသေးတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ