Local Celebrity: ပိုပိုရဲ့ ပထမဆုံး အတွေ့အကြုံ

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေတဲ့ ပိုပိုက သူမရဲ့ ပထမဆုံးအတွေ့အကြုံကို ပြောပြလာတာ ဖြစ်ပါတယ်။

play

 

သြဂုတ်လ(၃၀)ရက်နေ့ ဒီနေ့ကတော့ ပိုပိုအတွက် "ကြောက်ကြောက်ကြောက်"  ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတာ ပထမဆုံးနေ့ရက်ဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု ပထမဆုံး အတွေ့အကြုံကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဗီဒီယိုဖိုင်လေးတင်ပြီး ပြောပြထားပါတယ်။

play

 

" ဒီနေ့ကတော့ ပိုပိုရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတဲ့ ပထမဆုံးနေ့ရက်ဖြစ်ပါတယ်။ တောင်တွေပေါ်ထိ တက်ပြီး သွားရတာ။ အရမ်းလည်း ပင်ပန်းတယ်။ အဓိကတော့ နာနတ်သီး အခင်းတွေကို ဖြတ်ပြီး သွားရတာဆိုတော့ ခြေဖဝါးတွေဆို သွေးတောင်ထွက်တယ်။ ဒါပေမဲ့ အရမ်းပျော်ပါတယ်" လို့ သူမက ဆိုပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ကျော်ကျော်၊ ဂျိုကာ၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ နန်းခင်ဇေယျာနဲ့ ပိုပိုတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Photo : ပိုပိုရဲ့ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ