Local Celebrity: ခရစ္စမတ်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ ဖြူဖြူကျော်သိန်း

ခရီးက ပြန်ရောက်ရောက်ချင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်နေတာ ဖြစ်ပါတယ်။

play

 

ပြင်သစ်ကို တစ်လနီးပါး ခရီးထွက်နေတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံကို ပြန်ရောက်ချင်းမှာဘဲ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

play

 

ရှိုးပွဲတွေ သီဆိုဖြစ်နေသလို သြဂုတ်လ(၃၀)ရက်နေ့ ဒီနေ့မှာတော့ ခရီးက ပြန်ရောက်အပြီး ပထမဆုံး  ၂၀၁၆ ခရစ္စမတ်အတွက် Music Video ရိုက်ကူးနေတာ တွေ့ရပါတယ်။

play

 

တေးရေး ဂျီးနော်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ " အဓိပ္ပာယ်ရှိသောခရစ္စမတ်" ကို  Harmony Studio မှာ ရိုက်ကူးနေကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါတယ်။

Photo : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ