Local Celebrity: ရွှေမှုံရတီရဲ့ ရည်ရွယ်ချက်ကဘာလဲ

မိဘက ပထမ၊ ပြီးရင်း အလုပ်ပါပဲလို့ ဆိုပါတယ်။

play

 

အချစ်ရေးက အေးအေးဆေးဆေးဖြစ်နေတဲ့ ရွှေမှုံရတီရဲ့ ရည်ရွယ်ချက်က မိဘကို လုပ်ကျွေးချင်တာပါလို့ ဆိုပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အသက်(၁၈)နှစ်သာ ရှိသေးတဲ့အတွက် လူကြီးတွေ ပြောသလို "သစ်ရွက်လှုပ် ရင်တောင်မှ ရယ်တဲ့အရွယ်" ဆိုတော့ အချစ်နဲ့ တစ်ခါမှ မတွေ့ဖူးလို့ပဲ ထင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

play

 

လက်ရှိအချိန်မှာ အလုပ်ကိုသာ ဦးစားပေးဖြစ်နေပြီး သူမအတွက် မိဘက ပထမ၊ ပြီးရင် အလုပ်ပါပဲလို့ ဖြေထားပါတယ်။ လက်တလောမှာတော့ ခန့်စည်သူနဲ့အတူ "နှစ်မင်္ဂလာ"သရဲဟာသရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Morning Post Journal

Photo  : ရွှေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ