Local Celebrity: စစ်ဘေးရှောင်စခန်းသို့ သွားရောက်မယ့် အလှမယ်များ

Miss Universe Myanmar 2017 ဆန်ခါတင် အလှမယ်များက သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

play

 

Miss Universe Myanmar 2017 ဆန်ခါတင်အလှမယ်များက ကချင်ပြည်နယ် ပူတာအိုဒေသမှာရှိတဲ့ စစ်ဘေး ရှောင်စခန်းနဲ့ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဝေဒနာရှင် ကလေးငယ်များဆီသို့ သွားရောက်လှူဒါန်းဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

လှူဒါန်းမှု ခရီးစဉ်ကို စက်တင်ဘာ(၁၈)ရက်နေ့တွင် သွားရောက်မှာ ဖြစ်ပြီး မသွားခင် (၁၇)ရက်နေ့မှာ ကလေး ဆေးရုံကြီးတွင် ကင်ဆာဝေဒနာခံစားနေရတဲ့ ကလေးငယ်များနဲ့ ကျောက်ကပ်ဝေဒနာခံ စားနေရ တဲ့ ကလေးငယ် များဆီ သို့ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

play

 

ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လိုအပ်တဲ့ ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် အလှူငွေများ လိုက်လံကောက်ခံလျက်ရှိတယ်သလို လှူဒါန်းမှုများတွင်လည်း ပါဝင်လှူဒါန်းကြဖို့ ဒါရိုက်တာ ဒေါ်စိုးယုဝေက သူမရဲ့ ဖေ့စ်ဘွတ်မှာ နှိုးဆော်ထားပါတယ်။

Photo : ဒေါ်စိုးယုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ