Local Celebrity: တစ်ကိုယ်တော် အခွေထွက်တော့မယ့် စောလားထော်ဝါး

စက်တင်ဘာလထဲမှာ ထွက်ဖို့ သေချာနေပြီလို့ သိရပါတယ်။

play

 

ဂီတပုံစံ မျိုးစုံ ပါဝင်တဲ့ စောလားထော်ဝါးရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို စက်တင်ဘာလထဲတွင် ထွက်ဖို့ သေချာနေပြီလို့ သိရပါတယ်။ အဲဒီအခွေထဲမှာ သီချင်းစုစုပေါင် ၁၄ပုဒ်ခန့် ပါဝင်မှာ ဖြစ်ပြီး ဂီတပုံစံမျိုးစုံ ထည့်သွင်းထားတယ်လို့ သူက ဆိုပါတယ်။

play

 

တေးရေးဆရာအသစ်များ ရေးပေးထားတဲ့ သီချင်းတွေ ပါဝင်သလို ပြန်ဆိုတေးသီချင်းနှစ်ပုဒ်နဲ့ အတွဲသီချင်း တစ်ပုဒ်လည်း ပါဝင်တယ်လို့ စောလားထော်ဝါးက ပြောပါတယ်။ လက်ရှိအချိန်အထိ ဆိုထားတဲ့ သီချင်းများကို အားရကျေနပ်မှုရှိနေတဲ့ စောလားထော်ဝါးက ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ