Local Celebrity: ဗေလုဝနဲ့ ခင်လှိုင်တို့ ပြန်ဆုံကြတဲ့ " ရိုက်စား" ရုပ်ရှင်

, updated

အကယ်ဒမီပေးပွဲ ပြီးတဲ့ နောက်ပိုင်း ပထမဆုံးပြန်ဆုံတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

 

ဒါရိုက်တာ မိုက်တီးရိုက်ကူးနေတဲ့ "ရိုက်စား" ရုပ်ရှင်ဇာတ်ကားကတော့ သြဂုတ်လ(၁၉)ရက်နေ့ကတည်းက ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားကတော့ အကယ်ဒမီပေးပွဲ ပြီးတဲ့ နောက်ပိုင်းမှာ အတူသရုပ်ဆောင်တာ မတွေ့ရတဲ့ ဗေလုဝနဲ့ ခင်လှိုင်တို့ကို ပြန်ဆုံစေတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ မိုက်တီးကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခင်လှိုင်နဲ့ ဗေလုဝတိုနဲ့အတူ ဓာတ်ပုံရိုက်ကာ (၂၁)ပင်လုံအကြို ဆိုတဲ့ စာသားလေးကို ရေးပြီး တင်ထားပါသေးတယ်။

play

 

ဟာသရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "ရိုက်စား" ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပြေတီဦး၊  Libby Jellings၊ စိုးမြတ်သူဇာ၊ မိုးဒီ၊ ခင်လှိုင်၊ ဗေလုဝတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : ဒါရိုက်တာ မိုက်တီးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ