Local Celebrity: စန္ဒယားတစ်လုံး လက်ဆောင်ရလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

, updated
play

 

စိုင်းစိုင်းခမ်းလှိုင်ကတော့ စန္ဒယားတစ်လုံး လက်ဆောင်ရလိုက်တဲ့အတွက် ပျော်နေပါတယ်။ စန္ဒယား အစစ်တစ်လုံး ကို မပိုင်ဆိုင်ဖူးတဲ့ အတွက် အရမ်းကို ပျော်နေမိတဲ့ အကြောင်းနဲ့ ဘာကြောင့် စန္ဒယားကြီး လက်ဆောင်ရခဲ့ ကြောင်း ကိုလည်း  သူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။

play

 

"Cherry FM ရဲ့ ၇နှစ်ပြည့်ပွဲတောင်ကြီးမှာ free show ကျင်းပပါတယ်။ ကျွန်တော်လည်း အခကြေးငွေ မယူဘဲ လိုက်ပါ ဖျော်ဖြေဖြစ်ပါတယ်။ အခု သူတို့က လက်ဆောင် စန္ဒယားကြီးတစ်လုံး ပို့လိုက်တယ်။ ကျွန်တော်တစ်ခါမှ စန္ဒယား အစစ်တစ်လုံး မပိုင်ဆိုင်ဖူးပါဘူး။ အရမ်းပျော်ပါတယ်။" လို့ ရေးသားထားပါတယ်။

play

 

ဒီလက်ဆောင်က ချယ်ရီနဲ့ တောင်ကြီးကပေးတဲ့အမှတ်တရ လက်ဆောင်ပါပဲလို့ သူက ဆက်ပြီး ပြောထား ပါသေးတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ