Local Celebrity: နယ်လှည့်ခေါင်းလျှော်ပေးမယ့် ကျော်ထူးနဲ့ပွင့်

ပရိသတ်တွေကို ကိုယ်တိုင်ခေါင်းလျှော်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

ဟာသရုပ်ဆောင် အနုပညာရှင် ကျော်ထူးနဲ့ ပွင့်တို့ကိုယ်တိုင် ပရိသတ်များကို နယ်လှည့်ခေါင်းလျှော်ပေးမယ့် အစီအစဉ်( Hair Squad) ကို စက်တင်ဘာလ(၄)ရက်နေ့မှာ မြဝတီ ရုပ်သံမှာ စတင်ပြသမယ်လို့ သိရပါတယ်။

အဲဒီအစီအစဉ်ကို မြဝတီ Documentary Channel မှာ အပတ်စဉ် တနင်္ဂနွေ ညနေ(၆)နာရီခွဲကနေ ည(၇)နာရီအထိ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Hair Squad မှာ ပါဝင်လိုတဲ့ သူများအနေနဲ့ Hair Squad Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာ ပါဝင်လိုကြောင်း မှတ်ချက်ရေးသားနိုင်ပြီး ပရိသတ်တွေ ဖိတ်ခေါ်မှု များတဲ့ မြို့နယ်များကို ဦးစားပေး လာရောက် တင်ဆက်ပေးမယ်လို့လည်း သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ