Local Celebrity: ပုဂံသို့သွားရောက်လှူဒါန်းကြတဲ့ နှင်းဆီအဖွဲ့သားများ

play

 

နှင်းဆီအဖွဲ့သားများ ပါဝင်ဖွဲ့စည်းထားတဲ့ "နှင်းဆီရင်ခွင်" ဖောင်ဒေးရှင်းဟာ စက်တင်ဘာလ(၁)ရက်နေ့ ဒီနေ့မှာ ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံဘုရားများကို ပြုပြင်ထိန်းသိမ်းရန်အတွက်အလှူငွေ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

play

 

ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေကျပ် သိန်း(၂၀၀)ကို အဖွဲ့သားများက ပုဂံသို့ သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြပါတယ်။ အဖွဲ့ဝင်များဖြစ်တဲ့ နေတိုးနဲ့ ထွန်းထွန်းတို့က ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူး နေတာကြောင့်  အလှူငွေသွားရောက်လှူဒါန်းရာမှာ မပါနိုင်ခဲ့ပါဘူး။

play

 

ကျန်တဲ့အဖွဲ့ဝင်များဖြစ်ကြတဲ့ ဒါရိုက်တာမောင်မျိုးမင်း၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့က သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

Photo : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ