Local Celebrity: အချစ်က ပူလောင်တယ်ဆိုတဲ့ ဇေရဲထက်

သူရဲ့ ဖေ့စ်ဘွတ်အကောင့်ပေါ် ရင်ဖွင့်ထားတာပါ။

play

 

မကြာခင်ကမှ ချစ်သူရှိနေပြီလို့ ကြေညာခဲ့တဲ့ ဇေရဲထက်က စက်တင်ဘာလ(၁)ရက်နေ့ ဒီနေ့မှာတော့ အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တွေကို သူရဲ့ ဖေ့စ်ဘွတ်မှာ ရင်ဖွင့်ထားပါတယ်။ အချစ်ဆိုတဲ့ အရာက ပူလောင်ပြီး စိတ်အနှောက်အယှက်ပေးတယ်ဆိုတာကို သိလိုက်ရပြီလို့ ဇေရဲထက်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားပါတယ်။

play

 

"အချစ်ဆိုတဲ့ အရာက တော်တော်ပူလောင်ပြီး စိတ်အနှောက်အယှက်ပေးတယ်ဆိုတာ သိလိုက်ပြီ ငါဆိုတဲ့ ကောင်ကလည်း ချစ်ရင်လည်း သူများနဲ့ မတူဘူး မုန်းပြီဟေ့ဆိုရင်လည်း ဆက်မပတ်သတ်ဘူး။ ၃ကြိမ်မြောက် ဆိုရင်တော့ မင်းငါ့ကိုဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ငါ့ဘာသာ အေးဆေးလေး နေနေတာကို ငါ့ဘဝထဲ ဝင်လာပြီး စိတ်ဒုက္ခပေးတာများနေပြီ မင်းယုံကြည်အောင်ငါပြုမူခဲ့တယ် နေထိုင်ခဲ့တယ် ငါရတာလိမ်တာတွေချည်းပဲ ။သိပ်မကြာတော့ပါဘူး။ ငါ့ဘာသာနေနိုင်အောင်ကြိုးစားမယ်။ ကံပေါ့ အခုချိန်မှာ ပြတ်တာက ၂ ယောက်လုံးအတွက် အကောင်းဆုံးပဲ ငါ့မှာအရမ်းပင်ပန်းနေပြီ။ နားလည်ပေးပါ ။အချစ်နဲ့ပတ်သတ်ပြီး ငါအမြဲတမ်းအလိမ်ခံခဲ့ရတယ် ငါ့ကံပေါ့ မေတ္တာငတ်တဲ့ငါ့ဘွကို မေတ္တာပေးသလိုနဲ့ဝင်လာပြီး ငါ့ကိုလိမ်တာများနေပြီ ငါချစ်လို့မပြောတာ ငါနွားမဟုတ်ဘူး"လို့ ရေးသားထားပါတယ်။

play

 

သူ့ရေးသားထားတဲ့ ပို့စ်အောက်မှာတော့ ပရိသတ်များကလည်း စိတ်မညစ်စေဖို့ အားပေးစကားတွေ ဆိုထားပါသေးတယ်။

Photo : ဇေရဲထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ