play

 

သြဂုတ်လ(၃၁)ရက်နေ့က ကျရောက်တဲ့ နီနီခင်ဇော်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့လေးကို ဆေးရုံပေါ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတဲ့ နီနီခင်ဇော်ရဲ့ မွေးနေ့လေးကို အနုပညာမောင်နှမများက မွေးနေ့ Surprise လုပ်ပေးခဲ့ကြပါတယ်။

play

အဲ့အတွက်လည်း သူမက အရမ်းကို ဝမ်းသာသလို သြဂုတ်လ(၃၁)ရက်နေ့သူမရဲ့ ထူးခြားတဲ့ နေ့လေးတစ်နေ့ ပါပဲလို့ သူမရဲ့ အကောင့်မှာ ရေးသားထားပါတယ်။

"ဒီနေ့  နီနီ ရဲ့  ၂၅ နှစ်ပြည့် မွေးနေ့ လေး ကို birthday surprise လုပ်ပေးကျတဲ့ Ninian အဖွဲ့ သားတွေ၊ Project K အဖွဲ့ သားတွေ နဲ့၊ လာရောက် အားပေးစကားပြောပေးကြတဲ့ အနုပညာ ညီအကိုမောင်နှမများ ၊ Facebook Post များ ၊ ဖုန်းဆက်ပြီး Birthday Wish လုပ်ပေး ကြသူများ အားလုံး ကို အရမ်းကျေးဇူးတင်ပါတယ်ရှင့်။ ဒီနေ့ ဟာ နီနီအတွက် ထူးခြားတဲ့နေ့ လေးပါ။ အခုလို နီနီ့ ကို ချစ်မြတ်နိုးပြီး ဂရုတစိုက်ရှိပေးတဲ့ အတွက်လည်း အတိုင်းမသိဝမ်းသာရပါတယ်" လို့ ရေးသားထားပါတယ်။

play

ပရိသတ်တွေနဲ့ ချစ်တဲ့ မိသားစုတွေအတွက် မကြာမီအချိန်အတွင်းမှာ ကျန်းမာရေးကောင်းမွန်လာမှာပါလို့ ဆိုပါတယ်။

Photo : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video