Local Celebrity: စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ ပထမဆုံးတွဲရိုက်မယ့် ရုပ်ရှင်ဇာတ်ကား

"ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်"ရုပ်ရှင်ဇာတ်ကားကို အင်းလေးမှာ သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ဦး ပထမဆုံး တွဲရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကတော့ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ(၃)ရက်နေ့မှာ  အင်းလေးဒေသတွင် သွားရောက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အင်းလေးဒေသကို နောက်ခံထားပြီး ရိုက်ကူးမယ့် အဲ့ဒီဇာတ်ကားက အချစ်ဇာတ်ကားလေး ဖြစ်တယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

"ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် " ရုပ်ရှင်ဇာတ်ကားကို ဝတ္ထုပုညခင်၊ ဒါရိုက်တာကိုကောင်းဇံ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်၊ မင်းဦး၊ခင်မို့မို့အေး၊ ခင်ဇာခြည်ကျော် တို့အပြင် အခြားသော အနုပညာရှင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

Photo : ဧရာတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ