Local Celebrity: "ဂါ" အတွက် ကြိုးစားနေတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်တွေ အမြန်ဆုံး နားထောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားဖြစ်နေသလို သူမရဲ့ နောက်ထွက်ရှိမယ့် " ဂါ" အခွေအတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ ပရိသတ်တွေ အမြန်ဆုံး နားထောင်နိုင်ဖို့ ကြိုးစားနေကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဆင့် ပရိသတ်တွေကို ပြောပြထားပါတယ်။

play

 

" ၀ိုင်းစုရဲ့ နောက်အခွေဖြစ်တဲ့ ဂါ လို့ နာမည်ပေးထားတဲ့ အခွေအသစ်လေး ပရိတ်သတ်တွေ အမြန်ဆုံးနားထောင် ဖို့အတွက် ဒီရက်ပိုင်း ကြိုးစားနေပါတယ်။ ဒီအခွေထဲမှာ အားလုံးကြိုက်ကျပြီး ၀ိုင်းစုနဲ့တွဲပြီးမြင်ကျတဲ့ သီချင်း ဆွေးဆွေး အေးအေးလေးတွေ လဲပါမယ်။ပုံစံအသစ်လေးတွေလဲပါမယ်" လို့ သူမရဲ့ အကောင့်မှာ စက်တင်ဘာ(၁)ရက်နေ့က ပြောပြထားပါတယ်။

play

 

မကြာခင် ထွက်လာတော့မယ့် သူမရဲ့ သီချင်းအသစ်တွေကိုလည်း နားထောင်ပေးမယ်လို့ ယုံကြည်ကြောင်း ပြောထားပါသေးတယ်။

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ