Local Celebrity: ပါးပေါ်က နှုတ်ခမ်းရာ ပိုင်ရှင်ကို လျှို့ဝှက်ထားဦးမယ့် စိုင်းစိုင်းခမ်းလှိုင်

, updated

စိုင်းစိုင်းရဲ့ ပါးပြင်ပေါ်က နှုတ်ခမ်းရာကို ပရိသတ်တွေ စိတ်ဝင်စားနေကြပါပြီ။

play

 

မကြာခင်ရက်ပိုင်းက နှုတ်ခမ်းနီ ထုတ်လုပ်ရောင်းချမယ့် သတင်းများနဲ့ နာမည်ကြီးနေတဲ့ စိုင်းစိုင်းအတွက် နောက်ထပ် ပရိသတ်တွေ စိတ်ဝင်စားနေကြတာကတော့ သူရဲ့ ပါးပြင်ပေါ်က နှုတ်ခမ်းနီရာဖြစ်ပါတယ်။ အဲ့ဒီနှုတ်ခမ်းရာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက လျှို့ဝှက်ထားဦးမှာ ဖြစ်ပြီး မကြာခင် ပရိသတ်တွေအားလုံး သိရမှာပါလို့ ဆိုပါတယ်။

play

 

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ သူလည်း သာမာန်ယောက်ျားတွေလိုပဲ မင်္ဂလာဆောင်မှာ ဖြစ်ကာ အဲ့အတွက်လည်း ရည်ရွယ်ထားပါတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကြီးကို ဝတ်မှုံရွှေရည်နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Source : ပြည်မြန်မာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ