Local Celebrity: ပရိသတ်တွေ ပြုလုပ်ပေးတဲ့ နေတိုးရဲ့ မွေးနေ့အကြိုပွဲ

, updated

ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

play

 

ပြင်ဦးလွင်မှာ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတဲ့ နေတိုးအတွက် ပရိသတ်တွေက  မွေး နေ့ အကြိုလေး ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

နေတိုးရဲ့ မွေးနေ့ကတော့ စက်တင်ဘာလ(၉)ရက်နေ့လို့ သိရပါတယ်။

play

 

ပရိသတ်တွေ ပြုလုပ်ပေးတဲ့ မွေးနေ့အကြိုပွဲလေးကို ပရိသတ်တွေနဲ့အတူ ရိုက်ကွင်းမှာရှိတဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ဆင်နွဲခဲ့ပုံတွေကို ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် Live ထုတ်လွှင့် ပေးခဲ့ပါတယ်။

play

 

"ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားက နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ကျော်ကျော်၊ ဂျိုကာ၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ နန်းခင်ဇေယျာနဲ့ ပိုပိုတို့ပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ