play

 

"ရိုက်စား" ရုပ်ရှင်ဇာတ်ကားထဲတွင် ပြေတီဦးနဲ့အတူ ပါဝင်သရုပ်ဆောင်မယ့် အင်္ဂလန်မင်းသမီး Libby Jennings ကမြန်မာနိုင်ငံကို စက်တင်ဘာလ(၃)ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားမှာ အင်္ဂလန်မင်းသမီးက အနောက်နိုင်ငံက သင်္ဘောပျက်ဆယ်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင် ရေငုပ်ကျွမ်းကျင်သူ တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

play

 

ရန်ကုန်ကို ရောက်ရောက်ချင်းပဲ ပြေတီဦးနဲ့အတူ သူမပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

play

 

"ရိုက်စား" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မိုက်တီးက ရိုက်ကူးပုံဖော်နေပြီး ပြေတီဦး၊ ခင်လှိုင်၊ မိုးဒီ၊ ဗေလုဝ၊ Libby Jennings၊ စိုးမြတ်သူဇာနဲ့ သရုပ်ဆောင်များပါဝင်ထားကြပါတယ်။

Source : Popular News

Photo : ဒါရိုက်တာ မိုက်တီး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video