Local Celebrity: ပြေတီဦးနဲ့အတူ သရုပ်ဆောင်ရတဲ့အတွက် စိတ်လှုပ်ရှားမိတဲ့ အင်္ဂလန် မော်ဒယ်

, updated

မြန်မာနိုင်ငံကို အရင်ကလည်း ရောက်ဖူးတယ်လို့ သိရပါတယ်။

play

 

"ရိုက်စား" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ Libby Jennings ကတော့ ပြေတီဦးက မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားဆိုတာ သိလိုက်ရတဲ့အခါ ပြေတီဦးနဲ့အတူ တွဲဖက်သရုပ်ဆောင်ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။

play

 

ယခုဆိုရင် မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေတဲ့ သူမက အရင်လည်း မြန်မာနိုင်ငံကို ရောက်ဖူးသလို ရွှေတိဂုံဘုရားမှာလည်း တံမြက်စည်းလှည်း ခဲ့ဖူးတယ်လို့ သူမကပြောပါတယ်။

" ရိုက်စား" ဇာတ်ကားထဲမှာလည်း သူမက ရေငုပ်သမားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပြီး မြစ်ကြမ်းပြင်မှာ ကျနေတဲ့ ခေါင်းလောင်းကို ဆယ်တဲ့အဖွဲ့ထဲမှာ ခေါင်းဆောင်၊ ပြေတီဦးနဲ့ ခင်လှိုင်တို့နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယူသွားတဲ့ မိန်းကလေး တစ်ယောက်နေရာက ပါဝင်ရမယ်လို့ သူမက အင်တာဗျူးတစ်ခုမှာ ပြောထားပါသေးတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ