Local Celebrity: အချစ်ကို ကြောက်တယ်ဆိုတဲ့ ပွင့်

, updated

အချစ်က ပူလောင်တယ်လို့ အဓိပ္ပာယ်ဖွင့်လိုက်ပါတယ်။

play

 

သရုပ်ဆောင်ပွင့်ကတော့ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေးဖြစ်နေသလို အချစ်ကိုကြောက်တယ် လို့ ပြောလာပါတယ်။ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ အတွေ့အကြုံတွေအရ အချစ်ဟာ ပူလောင်တဲ့အတွက် အချစ်နဲ့ပတ်သက်လို့ မစဉ်းစားချင်တာလို့ ဆိုပါတယ်။

play

 

အနုပညာရှင်ဆိုတာ စိတ်ထဲပေါ့ပါးလန်းဆန်းနေမှ အလုပ်လုပ်ရတာကောင်းတာ ဖြစ်တာကြောင့် ပူလောင်မှုတွေကို မခံစားချင်ဘူးလို့ သူမက အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။ သူမရဲ့ စိတ်ရင်းနဲ့ ပြောရရင် ကံတရား ၅၀ ရာခိုင်နှုန်း အရ  အိမ်ထောင်ပြုဖို့ ဘယ်လိုဖြစ်လာမလဲဆိုတာမသိပေမဲ့ သူမဘက်က ၅၀ ရာခိုင်နှုန်းကတော့ အိမ်ထောင်ပြုဖို့ ရည်းစားထားဖို့ကို လုံးဝစိတ်ကူးမရှိပါဘူးလို့ ပြောပြထားပါတယ်။

play

 

အကယ်၍ ချစ်သူရှိရင် အိမ်ထောင်ပြုဖို့ ရှိလာရင်လည်း ပရိသတ်တွေကို အရင်ဆုံး အသိပေးမှာပါလို့ သူမက ဆိုပါတယ်။

Source : Myanmar Celebrity

Photo  : ပွင့်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ