Local Celebrity: ဝေဖန်မှုများကို ပြန်ဖြေရှင်းခဲ့တဲ့ နီနီခင်ဇော်

, updated

ဒီရက်ပိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ နီနီခင်ဇော်ရဲ့ ဓာတ်ပုံများနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ နီနီခင်ဇော်ရဲ့ ဓာတ်ပုံတချို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ နီနီခင်ဇော်တစ်ယောက် အိမ်ထောင်ကျဖူးခဲ့တယ်ဆိုတဲ့ သတင်းများ ထွက်နေတာနဲ့ ပတ်သက်ပြီး နီနီခင်ဇော်က မီဒီယာတစ်ခုတွင် အင်တာဗျူးဖြေပေးခဲ့ပါတယ်။

play

 

ပရိသတ်တွေ ရှဲနေတဲ့ ဓာတ်ပုံများဟာ နီနီခင်ဇော်ရဲ့ အသက်(၁၇)နှစ်အရွယ် လွန်ခဲ့တဲ့ (၈)နှစ်က ဖြစ်ခဲ့တဲ့ ပြဿ နာများ ဖြစ်ပြီး အခုအချိန်မှာတော့ အဲ့ဒီပြဿနာများဟာ ပြီးဆုံးခဲ့ပြီ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

play

 

အသက်(၁၇)နှစ်အရွယ်က မှားခဲ့တဲ့ အမှားတွေကြောင့် ပတ်ဝန်းကျင်ရဲ့  ရိုက်ခက်မှုများထဲက အခုလို အောင်မြင်တဲ့ အနုပညာရှင်၊ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားခဲ့တာ ဖြစ်တယ်လို့ သူမက ပြောပြပါတယ်။ လူဆိုတာ အမှားနဲ့ မကင်းတာကြောင့် ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နောင်တရ နေမှာ မဟုတ်သလို အဲ့လိုကိစ္စတွေကြောင့် စိတ်ဓာတ်ကျနေမယ်ဆိုရင် ယခုလို ပရိသတ်ချစ်တဲ့ ပရိသတ်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ သူမက အင်တာဗျူးထဲမှာ ဖြေထားပါတယ်။

Source : Myanmar Celebrity

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ