play

 

Myanmar Idol ရဲ့ Winner ဆုရှင် စောလားထော်ဝါးရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကတော့ စက်တင်ဘာလ(၁၁)ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်နာမည်ကို "မင်းသိနိုင်မလား" လို့ ပေးထားပြီး အဲ့ဒီအခွေထဲတွင် သီချင်း (၁၄)ပုဒ်ခန့် ပါဝင်မယ်လို့ သိရပါတယ်။

play

 

တေးရေးဆရာအသစ်များ ရေးပေးထားတဲ့ သီချင်းတွေ ပါဝင်သလို ပြန်ဆိုတေးသီချင်းနှစ်ပုဒ်နဲ့ အတွဲသီချင်း တစ်ပုဒ်လည်း ပါဝင်တယ်လို့ စောလားထော်ဝါးက ပြောပါတယ်။ လက်ရှိအချိန်အထိ ဆိုထားတဲ့ သီချင်းများကို အားရကျေနပ်မှုရှိနေတဲ့ စောလားထော်ဝါးက ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။

သီချင်းခွေဖြန့်ချိမယ့် စက်တင်ဘာလ(၁၁)ရက်နေ့မှာ Junction Square ပရိုမိုးရှင်းဧရိယာမှာ ပရိသတ်များနဲ့ တွေ့ဆုံကာ အမှတ်တရလက်မှတ်များရေးထားပေးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video