Local Celebrity: (၅၂၈)ပွဲက အဖေ့ကို ကျေးဇူးဆပ်တဲ့ ပွဲလေးလို့ ပြောလာတဲ့ အိမ့်ချစ်

, updated

အောက်တိုဘာ(၁)ရက်နေ့မှာ ကျင်းပမယ့် (၅၂၈)ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

မကြာမီ ကျင်းပပြုလုပ်တော့မယ့် (၅၂၈)ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အိမ့်ချစ်တို့ သားအဖနှစ်ယောက်က ပရိသတ်တွေအတွက် အကောင်းဆုံး ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဖေ့ရဲ့  ကျေးဇူးကို အဖေပေးခဲ့တဲ့ အနုပညာ အမွေလေးနဲ့ ကျေးဇူးဆပ်ချင်တာကြောင့် ယခုလို ပွဲဖြစ်မြောက်အောင် စီစဉ်ကျင်းပခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

play

 

"ကိုယ့်ရဲ့ အနုပညာနဲ့ အဖေ့ကို ကျေးဇူးဆပ်ချင်တယ်။ အဖေမွေးထုတ်ပေးခဲ့တဲ့သမီး စင်ပေါ်မှာ ဒီလိုမျိုးလေး ဖြစ်နေတာကို မြင်ပြီး အဖေပီတိဖြစ်ပါစေဆိုပြီး ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ"လို့ သူမက ပြောပါတယ်။

play

 

မိသားစုနဲ့ ပတ်သက်ပြီး အများကြီး မျှော်လင့်ထားပေမဲ့လည်း ဒီပွဲလေးမှာ မိသားစု စုံစုံလင်လင်လေးနဲ့ ပြန်လည်ဆုံတွေ့ပြီး ဖျော်ဖြေခွင့်ရတာကိုပဲ ကျေနပ်ပါတယ်လို့ အိမ့်ချစ်က ပြောပြခဲပါတယ်။

Source : 7day TV

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ