Local Celebrity: မြန်မာပရိသတ်တွေနဲ့ အရမ်းတွေ့ချင်တဲ့ ထိုင်းမင်းသမီး

From Bangkok to Mandalay ဇာတ်ကားပြသချိန်မှာ ရန်ကုန်မှာ ရှိနေမယ်လို့ သိရပါတယ်။

play

 

From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားထဲမှာ  စိုင်းစိုင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ထိုင်းမင်း သမီး Pilaiporn Supinchompoo { Nam Whann' }ကတော့ မြန်မာပရိသတ်များနဲ့ တွေ့ဆုံချင်တယ်လို့ ဆိုပါတယ်။ မကြာမီ လပိုင်းအတွင်း ရုံတင် ပြသတော့မည့် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကား ရုံတင်ရင်လည်း မြန်မာနိုင်ငံမှာ ရှိနေမှာပါလို့ သူမက ဆိုပါတယ်။

play

" မြန်မာပရိသတ်တွေနဲ့ အရမ်းတွေ့ချင်ပါတယ် ။ အတိအကျဆိုရင်တော့ အဲ့ကားလေး ရုံတင်ပြသတဲ့နေ့မှာ ရန်ကုန်မှာ ကျွန်မရှိနေပါ့မယ် ။ ပရိသတ်ကြီးနဲ့ တွေ့ဆုံဖို့ကိုလည်း မျှော်လင့်နေမိပါတယ်" လို့ သူမက ပြောပါတယ်။

play

 

စိုင်းစိုင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်တဲ့ အချိန်တိုင်းကလည်း သူမအတွက် အမှတ်တရ ဖြစ်စေတယ်လို့ ဆိုပါတယ်။

"ကိုစိုင်းစိုင်းက အရမ်းတော်ပြီး အရမ်းလည်းခင်ဖို့ကောင်းတဲ့ သူတစ်ယောက်ပါ ။ သူကလူတွေကို အမြဲပျော်ရွှင် စေပါတယ် ။ သူနဲ့ အလုပ်လုပ်ခဲ့ရချိန်တိုင်းက ကျွန်မအတွက် အမှတ်ရစရာဖြစ်စေခဲ့ပါတယ်"လို့ ပြောပါတယ်။

Source & Photo  : Sai Sai Fans Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ