Local Celebrity: နီနီခင်ဇော်ကို အားပေးလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ဒီရက်ပိုင်းအတွင်းဖြစ်နေတဲ့ နီနီခင်ဇော်ရဲ့ ပြဿ နာတွေအတွက် ဝိုင်းစုခိုင်သိန်းက အားပေးစကားဆိုလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီရက်ပိုင်းအတွင်း ဖြစ်နေတဲ့ နီနီခင်ဇော်ရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဆင့် ယခုလို အားပေးစကားဆိုလိုက်ပါတယ်။

play

 

"ညီမရေအတိတ်ဆိုတာတော့ လူတိုင်းမှာ ရှိကြစမြဲပါ။ ကောင်းတဲ့အတိတ်ရှိသလို ဆိုးတဲ့ အတိတ်လဲ ရှိကြတာပဲ။ လူဆိုတာတော့ အကောင်းဆုံးကိုပဲ လိုချင်ကြတာပဲ။ ဆိုးတာကိုတော့ ဘယ်သူမှမလိုချင်ဘူး။ ဒါပေမဲ့ ဘ၀မှာ လိုချင်တာတွေရော မလိုချင်တာတွေရော အားလုံးရကြရတာပဲ ။ဘ၀ ကို ဖြတ်သန်းရတာ ချင်းအတူတူ သူ့ဘ၀က ဘယ်လို ငါ့ဘ၀ က ဘယ်လို ဝေဖန်ရှုတ်ချတတ်တဲ့ လူတချို့ရဲ့ စိတ်ကတော့ နားလည်ဖို့အခက်သား ဘာပဲဖြစ်ဖြစ် မိန်းမသားတယောက် အနေနဲ့ ဘယ်လိုရင်ဆိုင်ရုန်းကန် ခဲ့ရမယ်ဆိုတာတော့ ကိုယ်ချင်းစာမိတယ်။ လဲကျတဲ့ နေရာက ပြန်ထပြီး ဒီနေ့ဒီအချိန် ဒီလိုမျိုး အောင်မြင်စွာ ရပ်တည်နိုင်တဲ့အတွက် ချီးကျူးတယ်။ ရဲရဲဝင့်ဝင့် အမှန်ကို ထုတ်ပြနိုင်တဲ့ စိတ်ကို လေးစားတယ် ။ ရှေ့ဆက်လျှောက်မဲ့ခရီးမှာ ဒီထက်ပိုတဲ့ အားအင်တွေ နဲ့ လျှောက်လမ်း နိုင်မယ် ဆိုတာ ယုံကြည်တယ်။ အစ်မတို့တွေ ချစ်တဲ့ပရိတ်သတ်တွေအတွက် အနုပညာ ခရီးရှည်ကြီး ကို အတူတူဖြတ်သန်းကြစို့နော်" လို့ သူမက အားပေးစကား ရေးထားပါတယ်။

play

နီနီခင်ဇော်က ဝေဖန်မှုတွေကြားထဲကပင် ပရိသတ်ရဲ့ အားပေးမှု အနုပညာမောင်နှမအချင်းချင်း လေးစားမှုတွေကို ရယူနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ