ထိုင်းမင်းသမီးနဲ့ ဗေလုဝတို့ ရိုက်ကူးမယ့် သရဲဟာသအချစ်ဇာတ်ကားကို စက်တင်ဘာလအလယ်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ "နာနာဘာဝ"လို့နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို "ယပလက် နာနာဘာဝ" လို့ နာမည်ပြောင်းလိုက်ကြောင်း ဗေလုဝက ဆိုပါတယ်။
‘‘အိမ်တစ်အိမ်ကို ဝယ်လိုက် တာ အဲဒီ နာနာဘာဝကောင်မလေးက ပါလာတယ်။ ပထမတော့ ဦးဗေကို ခြောက်နေ တာပေါ့။ ဒါ ပေမဲ့ ဦးဗေက ဝိညာဉ်ထဲကို ပြန် သွားလို့ရတဲ့ နည်းတွေရှိတော့ ကြာတော့ သံယောဇဉ်ဖြစ်ကြတာ ပေါ့" လို့ သူက ဇာတ်ကားအကြောင်းလေး ပြောပြပါတယ်။
လက်ရှိမှာ ဒါရိုက်တာ မိုက်တီး ရိုက်ကူးနေတဲ့ "ရိုက်စား" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး စက်တင်ဘာလ အလယ်ပိုင်း လောက်မှာ ထိုင်းမင်းသမီး Phatchara Thabthong နဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
Source & Photo : 7day Daily