Local Celebrity: လူရွှင်တော်အနေနဲ့ တွေ့ရဦးမယ့် ခင်ဝင့်ဝါ

စက်တင်ဘာလ(၉)ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကိုတော့ တတိယအကြိမ် လူရွှင်တော် အနေနဲ့ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ(၉)ရက်နေ့မှာ ကပြဖျော်ဖြေမယ့် "ခေတ်သစ်ဧကရီ"  အနုပညာကပွဲမှာ အိချောပို၊ နန်းသူဇာ၊ မေမြင့်မိုရ်တို့နဲ့အတူ လူရွှင်တော် အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

ဒီတစ်ခေါက်ပွဲမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်အောင် တင်ဆက်မှုပုံစံတွေ ပြောင်းထားသလို သူမကိုယ်တိုင် ကလည်း လူရွှင်တော် တစ်ယောက်ဖြစ်အောင် ကြိုးစားထားတယ်လို့ ဆိုပါတယ်။

Source : Popular News

Photo  :  ခင်ဝင့်ဝါ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ