Local Celebrity: ရရှိခဲ့တဲ့ ဆုကြေးထဲက လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားမယ့် အလှမယ်အင်ကြင်းထူး

Miss International Myanmar 2016 ဆုရှင်ဖြစ်ပါတယ်။

play

 

Miss International Myanmar 2016 Winner ဆုရှင် အင်ကြင်းထူးကတော့ သူမရရှိခဲ့တဲ့ ဆုကြေးငွေများထဲက သဘာဝဘေးအန္တရာယ်ကြောင့် ပြိုပျက်သွားခဲ့တဲ့ ပုဂံဘုရားများ၊ ရေကြီးမှုခံရတဲ့ နေရာဒေသတွေအပါအဝင် အခြား လိုအပ်နေတဲ့ နေရာငါးခုလောက်ကို ရွေးချယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

play

 

အလှမယ် အင်ကြင်းထူးဟာ ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ကျင်းပမယ့် Miss International 2016 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမယ့် အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီပြိုင်ပွဲကြီးအတွက် ပြင်ဆင်ချိန် သိပ်မရှိတော့ပေမယ့်လည်း သူမဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားသွား မည်ဖြစ်ကာ နိုင်ငံတကာ အလှမယ်တွေနဲ့ ယှဉ်ကာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထင်ပေါ်အောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ သူမက  Democracy today သတင်းစာတွင် ဖြေထားပါတယ်။

Source : Yangon Media Group

Photo  : အင်ကြင်းထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ