Local Celebrity: ဘွဲ့ယူတုန်းက ဓာတ်ပုံက မိသားစု ဓာတ်ပုံပါဆိုတဲ့ နီနီခင်ဇော်

စက်တင်ဘာ(၆)ရက်နေ့ ညနေက Live လွှင့်ပြီး ပရိသတ်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

လူမှုရေးကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရသလို ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိနေတဲ့ နီနီခင်ဇော်က မိသားစု ဓာတ်ပုံနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ဝေဖန်နေကြတဲ့ အပေါ်ကို ပြန်ဖြေရှင်းဖို့ အတွက် စက်တင်ဘာ(၆)ရက်နေ့ ညက သူမရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် Live ထုတ်လွှင့်ခဲ့ပါတယ်။

play

 

အဲ့ဒီထုတ်လွှင့်မှုမှာ ပရိသတ်တွေကို မိသားစုဓာတ်ပုံနဲ့ ပတ်သက်ပြီး သူမက ပြန်လည်ဖြေရှင်းပေးထားပါတယ်။

"ပရိသတ်တွေ နီနီ အမှန်တရားအတိုင်း ပြောပြထားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာလဲ နီနီတန်ဖိုးအထားဆုံ နီနီရဲ့ မိသားစု လေးကိုပါထိခိုက်လာတယ်။ နီနီတို့မိသားစုက ဆုံဖို့ အရမ်းခက်ပါတယ်။ ဘွဲ့ယူတုန်းက ရှားရှားပါးပါး ဆုံဖြစ် ခဲ့ကြတယ်။ ပြန်လည်ဆုံစည်းတဲ့နေ့မှာ အမှတ်တရရိုက်ခဲ့တာပါ။ နီနီအဖေရယ်အမေရယ်အကို ရယ် ရှားရှား ပါးပါးရိုက်ခဲ့ရတဲ့ဓာတ်ပုံ ၊တန်ဖိုးထားခဲ့ရတဲ့ ဓာတ်ပုံကို မှားယွင်းစွာ ဝေဖန်ခံရတဲ့အတွက် နီနီမိဘ နှစ်ပါး စိတ်မကောင်းဖြစ်နေတယ်။ အဲ့အတွက် နီနီလည်း အရင်နေ့တွေကထက်တောင် ပိုပြီးတော့ စိတ်ကြေကွဲရပါတယ်။ ပရိသတ် အထင်မှားတာလေးကို ပြောပြပေးပါ" လို့ သူမက ပြောပြခဲ့ပါတယ်။

play

ပရိသတ်တွေ ပေးတဲ့ အားဆေးတွေကြောင့် သူမရဲ့ လုပ်စရာ ရှိတဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင် သွားမယ်လို့ သူမက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ