Local Celebrity: ရုပ်ရှင်ရိုက်တော့မယ့် မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ

"ဖက်ရှင်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ်လို့ သိရပါတယ်။

play

 

ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ ပရိသတ်များကြားထဲတွင် ရေပန်းစားနေတဲ့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ တို့ကတော့ မကြာခင် ရုပ်ရှင်ဇာတ်ကား ရိုက်တော့မယ်လို့ သိရပါတယ်။ အောင်တိုင်းကျော် ရုပ်ရှင်ထုတ် လုပ်ရေးက ရိုက်ကူးထုတ်လုပ်မယ့် " ဖက်ရှင် " ရုပ်ရှင်ဇာတ်ကားထဲမှာ မြန်မာပြည်သိန်းတန်နဲ့အတူ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းပါ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားမှာ ပါဝင်မယ့် မြန်မာပြည်သိန်းတန်က ဇာတ်ကားနာမည်အတိုင်း ဖက်ရှင်လည်းကျတဲ့ ဝတ်စား ဆင်ယင်မှု တွေကို မြင်တွေ့ခွင့်ရအောင် ကြိုးစားမယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေထားပါတယ်။ ဖက်ရှင်ရုပ်ရှင် ဇာတ်ကားမှာ မြန်မာပြည်သိန်းတန်၊ ဒေါက်တာနုနန္ဒာသန်းတို့အပြင် ဇေရဲထက်ပါ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

Source : Morning Post Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ