play

 

ထိုင်းအနုပညာရှင်များစွာ ပါဝင်ထားတဲ့ "တီတီနှင့်ဒိုးနပ်" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေအတွက် ထူးခြားဆန်းသစ်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ပြေတီဦးက ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ဒီဇာတ်ကားထဲမှာ တစ်ကားလုံးနီးပါး အင်္ဂလိပ်လို ပြေထားကာ နိုင်ငံခြားကား တစ်ကားကြည့်သလို ခံစားရမယ်လို့ ဆိုပါတယ်။

play

ဘာသာစကားအခက်အခဲရှိခဲ့သောလည်း "တီတီနှင့်ဒိုးနပ်" ရုပ်ရှင်ဇာတ်ကားအပေါ် ကျေနပ်မှု ရှိတယ်လို့ သူက ပြောပါတယ်။ "တီတီနှင့်ဒိုးနပ်" ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ(၂၁)ရက်နေ့မှာ ထိုင်းနိုင်ငံ Siam Pragon Cineplex ရုပ်ရှင်ရုံတွင် အထူးပွဲ ပြသသွားမှာ ဖြစ်ပါတယ်။

Source : 7day Daily

Photo   : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video