Local Celebrity: ချစ်သူရှိနေပြီဆိုတဲ့ ခင်ဇာခြည်ကျော်

ချစ်သူသက်တမ်းက တစ်လလောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

play

 

အမေရိကန်ပြည်ထောင်စုကို အလည်သွားခဲ့တဲ့ ခင်ဇာခြည်ကျော်က ခရီးသွားနေတုန်း အွန်လိုင်းစာမျက်နှာပေါ်တွင် ချစ်သူကောင်လေးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တက်လာခဲ့ပါတယ်။

play

 

လက်ရှိမှာ ချစ်သူရှိနေပြီ ဖြစ်ပြီး ချစ်သူသက်တမ်းကတော့ တစ်လလောက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

"အချစ်ရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာလည်း ပျံ့နှံ့နေပြီဆိုတော့ အစ်မအနေနဲ့ ငြင်းစရာ မရှိပါဘူး။ အစ်မချစ်သူ ရနေပါပြီ။ သူနဲ့သိတာကတော့ ကြာပါပြီ။ ဒါပေမဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိတာ။ ဒီတစ်ခေါက်သွားမှ။ ဒီတစ်ခေါက် သွားတာကလည်း သူ့ဆီကို တိုက်ရိုက်သွားတာတော့ မဟုတ်ပါဘူး။ မြို့တွေ အကုန်သွားပြီး ပြန်ခါနီးလောက်မှ သူ့ဆီကိုရောက်တာ။ ချစ်သူ သက်တမ်းကတော့ တစ်လလောက်ပဲ ရှိပါသေးတယ်" လို့ သူမက ဆိုပါတယ်။

play

 

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကားလည်း ပါဝင်ရိုက်ကူးနေပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ