Local Celebrity: ပရိသတ်တွေနဲ့ တရားစခန်းအတူတူဝင်မယ့် ပိုပို

သူမရဲ့ ပရိသတ်တွေကို စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။

play

 

ပြင်ဦးလွင်မှာ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတဲ့ အဆိုတော် ပိုပိုက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ We love po po အဖွဲ့ကို စမ်းသပ်မှု တစ်ခုလုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ သူမကို သိပ်ချစ်ပါတယ်ဆိုတဲ့ ပရိသတ်တွေ သူမနဲ့အတူ တရားစခန်းဝင်ဖို့ ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

တရားစခန်းဝင်ဖို့အတွက် သုံးရက် အချိန်ပေးရမှာ ဖြစ်ပြီး သူမနဲ့အတူ တရားစခန်းလိုက်ဝင်ဖို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စက်တင်ဘာလ(၆)ရက်နေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

"ပိုပို့ကို သိပ်​ချစ်​ပါတယ်​လို့​ပြောတဲ့ We love popo ​တွေကို စမ်းသပ်​မှူ တစ်ခုလုပ်​ချင်​တယ်။၃ရက်​​တော့ အချိန်​​ပေးရမယ်​။ တရားစခန်း အတူလိုက်​ဝင်​ကြပါလား။ ဖား​အောက်​​တောရ က စည်းကမ်းကြီးတယ်​ ကြားတယ်​ ဘူ​တွေ လိုက်​မလဲ" လို့ သူမရဲ့ အကောင့်မှာ ရေးထားပါတယ်။

play

 

လောကမှာ အကောင်းဆုံးနဲ့ငြိမ်းချမ်းမှုရှိတဲ့ တရားဓမ္မတွေကို ပရိသတ်တွေအတွက် လက်ဆောင်မျှဝေချင်လို့ပါလို့ သူမက ဆိုပါတယ်။

Photo : ပိုပိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ