Local Celebrity: ပရိသတ်တွေကို သီချင်းလက်ဆောင်ပြန်ပေးလိုက်တဲ့ နီနီခင်ဇော်

, updated

အရှုံးမပေးကြောင်းကို သီချင်းနဲ့သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

play

 

သူမထွက်ရှိထားတဲ့ "အနီရောင်" အခွေထဲက "အရှုံးမပေးနဲ့" သီချင်းလေးကို နီနီခင်ဇော်က ပရိသတ်တွေကို လက်ဆောင်ပြန်ပေးလိုက်ပါတယ်။ အဲ့ဒီသီချင်းကို DVD ရိုက်ကူးထားတာဖြစ်ပေမဲ့လည်း အခွေမထွက်ခင် ပရိသတ်တွေ နားဆင်နိုင်ဖို့နဲ့  ဝေဖန်မှုတွေ ကြားထဲက ခွန်အားတွေ ပေးခဲ့တဲ့ ပရိသတ်များအတွက် ဒီသီချင်းကို လက်ဆောင် ပေးခြင်းဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

play

 

"အရှုံးမပေးနဲ့" ဆိုတဲ့ သီချင်းလေးရဲ့ စားသားလေးတွေကလည်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်စေပါတယ်။

play

 

ဝေဖန်မှုတွေ ခံနေရပါစေ၊ ကဲ့ရဲ့မှုတွေနဲ့ကြုံနေရပါစေ အန္တရာယ်တွေ ကျော်ဖြတ်ပြီး ကိုယ်ယုံကြည်ရာ ပန်းတိုင်ကို ရောက်အောင် ခရီးဆက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လေးတွေပါဝင်တဲ့ ဒီသီချင်းလေးကို တေးရေး ဆောင်းဦးလှိုင်က ရေးစပ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ