Local Celebrity: ဆေးထိုးရမှာ ကြောက်တဲ့ စိုးပြည့်သဇင်

, updated

V-Shape လုပ်တာတို့ မျက်နှာဆေးထိုးတာတို့ ဘာမှမလုပ်ထားပါဘူးလို့ သူမက ဆိုပါတယ်။

play

 

မကြာသေးခင်ရက်ပိုင်းက စိုးပြည့်သဇင်ရဲ့ မျက်နှာခွဲစိတ်မှုတွေ ပြုလုပ်ထားလား ဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်တွေ ဇဝေဇဝါ ဖြစ်ခဲ့ပါတယ်။

play

 

မဂ္ဂဇင်း ကာဗာတစ်ခုအတွက် ဓာတ်ပုံ ရိုက်ကူးရာမှာ မိတ်ကပ်အစွမ်းနဲ့ မျက်နှာကို V-Shape လုပ်ထားတာ ဖြစ်ပြီး  မျက်နှာကို ခွဲစိပ်မှုနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ထားပါဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပရိသတ်တွေကို ပြန်လည်ရှင်းပြထားပါတယ်။

play

 

"စိုးပြည့်v-shape လုံးဝလုံးဝ မထိုးထားပါရှင် ထိုးလည်းမထိုးရဲပါဘူးဘယ်လောက်ဘဲ လှချင်လှချင် သဘာဝကို လွန်ဆန်ပြီးဘယ်အရာမှ မလုပ်ပါဘူး။ စိုးပြည့်မျက်နှာကိုစပေါ်ထဲကယခုအချိန်အထိ ဘယ်အစိတ်အပိုင်းကိုမှ မပြုပြင်ထားပါဘူး" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ယခုလက်ရှိမှာတော့  စာမေးပွဲ(ဒုတိယနှစ်မြန်မာစာ) အတွက် စာကျက်နေတယ်လို့ သိရပါတယ်။

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ