ဒီနေ့ (စက်တင်ဘာလ၉)ရက်နေ့ကတော့ ပြည်သူချစ် အနုပညာရှင် နေတိုးရဲ့ (၃၅)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
သူ့ရဲ့ မွေးနေ့အတွက် ပရိသတ်များက နေတိုးရှိရာ ပြင်ဦးလွင်သို့ သွားရောက်ပြီး မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့သလို စက်တင်ဘာလ(၈)ရက်နေ့ ည(၁၂)နာရီ တိတိအချိန်မှာလည်း အနုပညာမောင်နှမတွေက Birthday Surprise လုပ်ပေးခဲ့ကြပါတယ်။
နေတိုးကတော့ လက်ရှိမှာ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။
Photo : Popular News