play

 

မင်းသမီးလူရွှင်တော်တွေရဲ့ ပြက်လုံးများဟာ ပရိသတ်တွေအကြား ဝေဖန်မှုတွေ ရှိသလို ပရိသတ်တွေရဲ့ အားပေးမှုပါ ရရှိခဲ့ပါတယ်။ လူရွှင်တော်များ အဖြစ် အိချောပို၊ ခင်ဝင့်ဝါ၊ မေမြင့်မိုရ်၊ နန်းသူဇာတို့က  ပါဝင်ခဲ့ပြီး မင်းသားများ အဖြစ် ကျော်ကျော်နဲ့ သိန်းလင်းစိုးတို့မှ ကပြဖျော်ဖြေခဲ့ပါတယ်။

play

 

"ခေတ်သစ်ဧကရီ" အငြိမ့်ပွဲအတွက် ပြက်လုံးများကိုတော့ လူရွှင်တော် ပန်းသီးက သင်ပေးခဲ့တာ ဖြစ်ပြီး ပါဝင်တဲ့အနုပညာရှင်များက အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်း လူရွှင်တော်များ ပြက်ခဲ့တဲ့ ပြက်လုံးတချို့ကတော့ ပရိသတ်တွေရဲ့ ကြားထဲက ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo : San Wai Oo ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video