Local Celebrity: ဖက်ရှင်အလန်းစားတွေနဲ့တွေ့ရဦးမယ့် ဘေဘီမောင်

မကြာခင် ရုံတင်ပြသတော့မယ့် "ရပ်ကွက်ဘုရင်မ-၂"ထဲမှာ ဖက်ရှင်အလန်းစားတွေနဲ့ ပါဝင် သရုပ်ဆောင်ထား တယ်လို့ သိရပါတယ်။

play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "ရပ်ကွက်ဘုရင်မ"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ဆက်တွဲ အပိုင်း-၂ကတော့ မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ရပ်ကွက်ဘုရင်မ-၁တုန်းက ပါဝင်ထားတဲ့ ဘေဘီမောင်က အပိုင်း-၂ မှာတော့ သရုပ်ဆောင်ပိုင်းတွေ၊ ဖက်ရှင်ပိုင်းတွေကို သေချာပြင်ဆင်ကာ ကြိုးစားထားတယ်လို့ ဆိုပါတယ်။

play

 

‘‘ရပ်ကွက်ဘုရင်မ-၁ မှာက ဖက်ရှင်နဲ့လည်း ပရိသတ်တွေကို ဖမ်းစားလို့မရခဲ့ဘူး။ ရပ်ကွက်ထဲ က စရိုက်၊ အဝတ်အစား ဝတ်တာ လည်း ကိုယ်လန်းချင်သလို လန်း လို့မရဘူး။ ရပ်ကွက်ထဲက ဒီဇိုင်း မျိုးလုပ်ရတယ်။ ဒီကားမှာက ဖက်ရှင်နဲ့ရော၊ အိုက်တင်နဲ့ရော၊ အလှအပနဲ့ရော သေသေချာချာလေး လုပ်ထားလို့ ပရိသတ်တွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်’’ဟု ဘေဘီမောင်က 7day သတင်းစာကို ပြောပြထားပါတယ်။

"ရပ်ကွက်ဘုရင်မ-၂"ရုပ်ရှင်ကားမှာတော့ အီတလီမှ ပြန်လာတဲ့ မိန်းကလေးတစ်ဦးအဖြစ် ခေတ်မီတဲ့ဇာတ်ရုပ် မျိုးနဲ့အတူ သူမကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

‘ရပ်ကွက်ဘုရင်မ- ၂’ ရုပ်ရှင်ဇာတ်ကားမှာတော့ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင် သင်းကြည်၊ အေးမြတ်သူ၊ ရာဇာ နေဝင်းနှင့် ဘေဘီမောင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး အောက်တို ဘာလမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Source : 7day Daily

Photo  : ဘေဘီမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ