AD
AD
AD
play

 

မြန်မာနဲ့ဖိလစ်ပိုင်နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု အနှစ်(၆၀)ပြည့်အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ဒီဇိုင်နာများ ပူးပေါင်းကာ Passionfor Fashion အမည်ရှိ ဖက်ရှင်ရှိုးတစ်ခုကို စက်တင်ဘာ(၁၇)ရက်နေ့တွင် ပြုလုပ်မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်သံရုံးရဲ့ ဦးစီးမှုနဲ့ ဖိလစ်ပိုင်နိုင်ငံမှ ဖက်ရှင်နဲ့ဒီဇိုင်းအစည်းအရုံး(FDCP)နဲ့ မြန်မာနိုင်ငံမှ ဖက်ရှင် ဒီဇိုင်နာများအဖွဲ့(MFDG)တို့ ပူးပေါင်းကာ ဖက်ရှင်ရှိုးပွဲနဲ့ ရန်ပုံငွေညစာစားပွဲကို ရန်ကုန်မြို့ ဆူးလေရှန် ဂရီလာ ဟိုတယ်တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Passion for Fashion ရှိုးပွဲ လက်မှတ်များကို အမေရိကန် ဒေါ်လာ ၆၀ သတ်မှတ်ထားပြီး ရန်ပုံငွေအတွက် ဒီဇိုင်နာများရဲ့ ဖက်ရှင်ဒီဇိုင်းများကို    ဆိုင်ခန်း ငါးခန်းဖွင့်လှစ်ရောင်းချသွားမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD