Local Celebrity: ၂၀၁၆ကတော့ ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုလာတဲ့ မင်းဦး

ဒီနှစ်ထဲမှာ မင်္ဂလာပွဲကို ပြုလုပ်နိုင်အောင် စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။

play

 

မကြာခင်မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီ မင်းဦးကတော့ ၂၀၁၆ ခုနှစ်ဟာ သူ့အတွက် ကံကောင်း စေတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ခုနှစ်ထဲမှာပဲ အကယ်ဒမီဆုရရှိခဲ့သလို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခွင့်ရလာပြီး ဇာတ်ကားရိုက်ကူးတဲ့နေရာတွေမှာ အရင်ကထက် နေရာပိုရရှိလာသလို ယခုလည်း ချစ်တဲ့ သူနဲ့ မကြာခင်အိမ်ထောင်ပြုနိုင်တော့မှာ ဖြစ်တဲ့အတွက် အရမ်းကို ကံကောင်းစေတဲ့နှစ်လို့သူက အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

play

 

မင်္ဂလာပွဲကိုလည်း ခမ်းခမ်းနားနားကြီး ပြုလုပ်သွားမှာ မဟုတ်ပေမယ့်လည်း သူတို့ နှစ်ယောက်အတွက် တကယ့်ကို အမှတ်တရဖြစ်စေမယ့် မင်္ဂလာပွဲမျိုးကို ကျင်းပပြုလုပ်သွားမှာပါလို့ မင်းဦးက ပြောပါတယ်။

Source :Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ