Local Celebrity: လိမ်လည်မှုဖြင့် အမှုခွင့်ခံထားရတဲ့ မေသန်းနု

ပုဒ်မ ၄၂၀ ဖြင့် ကမာရွတ်မြို့နယ်နေ အမျိုးသမီး တစ်ဦးက အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်မေသန်းနုကို လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ကမာရွတ်မြို့နယ်နေ အမျိုးသမီး တစ်ဦးက အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်နေ ဒေါ်စန်းစန်းမြင့်က ၂၀၁၄ ဇူလိုင် ၇ ရက်တွင် သရုပ်ဆောင် မေသန်းနုထံမှ ကြိုပွိုင့်စနစ်နဲ့ ခြောက်လွှာတိုက်ခန်း ဝယ်ယူရန် စရန်ငွေ ကျပ်သိန်း ၄၀၀ ဖြင့် နှစ်ဖက်သ ဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါ မြေနေရာတွင် ကန်ထရိုက်ဆောက်လုပ်ခွင့် ရရှိထားသူမှာ မေသန်းနုမဟုတ်ဘဲ အခြားသူဖြစ်နေ၍ ၎င်းပေးခဲ့သည့် စရန်ငွေကို ပြန်လည်တောင်းဆိုရာ မပေးသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

play

 

‘‘ဒီအမှုကို အမှုလာဖွင့်ထား တာတော့ ရှိတယ်။ အမှုကို စိစစ် နေတုန်းဖြစ်တဲ့အတွက် တရားဝင် သတင်းထုတ်ပြန်လို့ မရသေးဘူး။ ပုဂ္ဂိုလ်ရေးအရ အမှုလာဖွင့်တာ လား၊ နာမည်ဖျက်ချင်လို့၊ နစ်နာ စေချင်လို့ လာဖွင့်တာလားဆိုတာ စစ်ဆေးနေတယ်။ ဒီအတွက် ကျွန်တော်တို့ သတင်းထုတ်ပြန်ခွင့်မရှိ သေးဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က 7day သတင်းစာကို ဖြေဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေသန်းနုကလည်း သူမကို ရဲစခန်းက ဆက်သွယ်တာမျိုးလည်း မရှိသေးသလို တစ်ဖက်သူ တိုင်စာပေါ် မူတည်ကာ ပြန်လည် အမှန်ဖြစ်အောင် ဖြေရှင်းမယ်လို့ ပေါ်ပြူလာ ဂျာနယ်ကို ဖြေဆိုထားပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ