Local Celebrity: ကိုယ့်လောကသားအချင်းချင်း သူများပြောတာ မခံစေချင်လို့ ကိုယ်တိုင်ဝေဖန်လိုက်တဲ့ ဖြိုးငွေစိုး

မကြာသေးခင်ရက်ပိုင်းလောက်က ကပြဖျော်ဖြေခဲ့တဲ့ အငြိမ့်နဲ့ ပတ်သက်ပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

play

 

မင်းသမီးငယ်လေးတွေ လူရွှင်တော်လုပ်ပြီး ဖျော်ဖြေခဲ့တဲ့ အငြိမ့်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေရာက သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သူရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ ဝေဖန်တဲ့ စာသားတစ်ချို့ကိုရေးသားလိုက်ပါတယ်။

play

 

"ထပ်ပြောမယ်ကွာ ကိစ္စတိုင်းမှာသူ့ ပညာနဲ့သူရှိတယ် တကယ်မတက်ဘဲနားမလည်ဘဲ မသိဘဲနဲ့ ကိုယ်နဲ့ မဆိုင်တာ ဝင်လုပ်တာဟာစော်ကားတာဘဲ။ လူရွှင်တော် ပညာဆိုတာ အစဉ်အဆက်သူ့ သမိုင်းကြောင်းနဲ့ သူ နင်တို့ အသက်ဘယ်လောက်ရှိလဲ ။အေးနင်တို   တသက်လောက်သင်ယူပြီးတာတောင် စင်ပေါ်တက် တောင်ရှည်ဝတ်ပြီး ခွန်းထောက်ဆိုပြတ်လုံး ပြတ်လို့ မရသေးဘူး ကျား မ ခွဲခြားတာတော့မဟုတ်ပါဘူး။ လူရွှင်တော်အဝတ်အစား မှာတောင် မိန်းမဝတ်မရှိဘူး မင်းသမီးအလုပ်တခုထဲနဲ့ နင်တို့  ဘဝသာယာပါတယ်။ငါ့ညီမတို့ ရယ် စီးပွားသမားတွေ ငွေအတွက် ဘာမဆိုလုပ်မှာပါ။ ဒါသူ့ ရှင်သန်ရေးလေ နင်တို့ ငါတို့ ကအနုပညာသမားဟ ဒါငါတို့ ရှင်သန်ရေး ပညာရပ်တစ်ခု ကိုယ်မတက်တဲ့ မသိတဲ့ အရာတစ်ခုကို နာမည်ကြီးတာ အားကိုးပြီး ဝင်လုပ်တာဟာ အဲဒီပညာကို စော်ကားတာ စင်အောက်က ပရိသတ်ကိုစင်ပေါ်တက်လိမ်တာ ရှင်းလား ငါအပြစ်တင်တာလဲပါတယ်။ ဒါပေမဲ့ငါ့ညီမတွေ ငါ့ညီတွေကို သိစေချင်တာပိုများပါတယ် သူများမြှောက်ပေးတိုင်းတက်အောင် ကတဲ့ အရူးသာသာ တွေလိုမျိုး ငါ့ညီညီမတွေမဖြစ်စေချင်လို့ပါ" လို့ သူရဲ့ အကောင့်မှာ ရေးသားထားပါတယ်။

play

 

ဒီစာကိုရေးတာကလည်း ကိုယ့်လောကသားအချင်းချင်းကို သူများတွေ ပြောတာမခံနိုင်တဲ့အတွက် ကိုယ်တိုင် ဝေဖန်လိုက်ခြင်း ဖြစ်တယ်လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

" ဒါပေမဲ့ နောက်တစ်ခါစင်ပေါ်တက် တောင်ရှည်ကို သူများကိုဝတ်ခိုင်း ပတ်ပေါင်းသူများကိုပေါင်းခိုင်းပြီ မရယ် ရတဲ့ပြတ်လုံးတွေအလွှတ်ကျက်တက်မပြတ်မ ဖျက်ကြပါနဲ့ ဟာ နော်။ အော်ငါလဲသိလို့ တက်လို့ မဟုတ်ဘူးနော် ။ ငါ့လောကထဲကငါ့ညီ ညီမတွေကိုသူများပြောတာငါမခံချင်လို့ ပါ။ လုပ်ချင်အရင်သင်ပါ လုပ်သင့် မလုပ်သင့် အရင်လေ့လာပါ။ တားမရရင်တော့ကို့ အကုသိုလ်နဲ့ ကိုယ်ဘဲပေါ့ဟာ" လို့ သူရဲ့ အကောင့်မှာ ဆက်လက် ရေးသားထားပါတယ်။

Photo : ဖြိုးငွေစိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ