Local Celebrity: ကြားဖြတ်ပြသမယ့် "ကွမ်းလုံရက်၄၀" ရုပ်ရှင်

ဇာတ်လမ်းတွဲအနေနဲ့ ပြသခဲ့ဖူးတဲ့ ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားအကြီးအဖြစ် ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။

play

 

၁၉၇၁ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မြန်မာ့စစ်တပ်သမိုင်းတစ်ရပ်ဖြစ်သော ကွမ်းလုံရက်(၄၀)တိုက်ပွဲဇာတ်ကားကြီး အထူးပွဲပြသခြင်းအခမ်းအနားကို စက်တင်ဘာ (၁၀) ရက်နေ့နံနက်( ၇:၃၀)တွင် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံတွင်ပြသခဲ့ပါတယ်။

play

အဲ့ဒီဇာတ်ကားကို ၂၀၁၅ခုနှစ်က ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့ပြီးယခုအခါ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မကြာခင် ရက်ပိုင်းအတွင်းမှာ ကြားဖြတ်စနစ်နဲ့ ရုပ်ရှင်ရုံကြီးများ တွင်  ရုံတင်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

ကွမ်းလုံရက်၄၀ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ပန်းချီစိုးမိုးကရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ ဇင်ဝိုင်း၊ ရဲအောင်၊ ရန်ကျော်၊ ဇော်ဦး၊ မင်းမော်ကွန်း၊ နိုင်းနိုင်း၊ ဝေဠုကျော်၊ သူထူးစံ၊ မိုးယံဇွန်၊ စိုးရန်အောင်၊ ညိုမင်းလွင်၊ သတ္တိ၊ ထူးခန့်ကျော်၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ခိုင်သင်းကြည်၊ မိုးယုစံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ