Local Celebrity: စောလားထော်ဝါးရဲ့ တေးအယ်လ်ဘမ်မိတ်ဆက်ပွဲ

ဒီနေ့ Junction Square ပရိုမိုးရှင်းဧရိယာမှာ ပရိသတ်များနဲ့ တွေ့ဆုံကာ အမှတ်တရ လက်မှတ်များ ရေးထိုးပေးနေတာ ဖြစ်ပါတယ်။

play

 

ဒီနေ့ (စက်တင်ဘာ၁၁)ရက်နေ့မှာတော့ Myanmar Idol ရဲ့ Winner ဆုရှင် စောလားထော်ဝါးရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ "မင်းသိနိုင်မလား" တေးသီချင်းခွေကို Junction Square မှာ (၃)နာရီက စတင်ကာ ရောင်းချ နေပြီဖြစ်ပါတယ်။

play

 

သူရဲ့ ပရိုမိုးရှင်းပွဲမှာ Myanmar Idolမှ သူငယ်ချင်းများနဲ့ ပရိသတ်များ လာရောက်အားပေးကြတာကို တွေ့ရပါတယ်။

play

 

စောလားထော်ဝါးရဲ့ "မင်းသိနိုင်မလား" အခွေထဲတွင် သီချင်းအသစ်များပါဝင်သလို ပြန်ဆိုတေးသီချင်းနှစ်ပုဒ်နဲ့ အတွဲသီချင်းတစ်ပုဒ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ