Local Celebrity: ဝေဖန်မှုတွေခံလိုက်ရတဲ့ ဟန်သီ

အင်တာဗျူးတွေ သတိထားပြီး ဖြေတော့မယ်လို့ ဆိုပါတယ်။

play

 

ဂျာနယ်တစ်ခုမှာပါတဲ့ "ပြည်တွင်းမှာစံထားစရာ အနုပညာရှင်မရှိဘူး" ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဟန်သီတစ်ယောက် ဝေဖန်မှုတွေ ခံလိုက်ရပါတယ်။ ဝေဖန်မှုတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရတယ်လို့ သူမက ဆိုပါတယ်။

play

 

အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုတာမှားသွားသလို မပြည့်မစုံဖြစ်သွားတာလို့ သူမက ပြန်ရှင်းပြပါတယ်။

"ပြည်တွင်းအနုပညာရှင်တွေအားလုံးထဲကမှ တစ်ယောက်ကိုရွေးပါဆိုရင် ဘယ်သူကိုရွေးရမှန်းမသိဘူး။အားလုံးက တော်ကြတယ်အဲ့အတွက် အတုယူရတဲ့ သူတွေချည်းပါပဲ။တစ်ယောက်တည်းကို စံထားဆိုရင်တော့ မရွေးတက်ဘူးအဲ့ဒါကြောင့် ဟန်သီစံထားတဲ့သူကို ရွေးမပေးလိုက်တာပါ"လို့ 8days Journal မှာ ပြန်ရှင်းပြထားပါတယ်။

play

 

အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်တွေးတိုင်း ညဘက်တွေဆို အိပ်မပျော်ဖြစ်ခဲ့ရတဲ့သူမကတော့ နောက်ဆိုရင် အင်တာဗျူးတွေကို သတိထားပြီး ဖြေတော့မယ်လို့ ဆိုပါတယ်။

Source : 8days Journal

Photo  : ဟန်သီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ