Local Celebrity: ဖွေးဖွေးကို အရေးယူပေးဖို့ ရုပ်ရှင်အစည်းအရုံးကို စင်ရော်မောင်မောင်တိုင်ကြား

, updated

ဒီနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) မှာ တိုင်စာနဲ့ တရားဝင်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ စင်ရော်မောင်မောင်က "သရုပ်ဆောင်ဖွေးဖွေးအား အရေးယူပေးပါရန် လျှောက်ထားတင်ပြခြင်း" ဆိုတဲ့ တိုင်ကြားစာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို စာပို့ပြီး ဒီနေ့ တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။

play

 

ယင်းတိုင်ကြားစာထဲတွင် ဖွေးဖွေးအား အနုပညာကြေး ၄၅ သိန်းဖြင့် ကြော်ငြာတစ်ခု Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရေးနဲ့ ဖွင့်ပွဲအခမ်းအနားအတွက် စရံငွေပေးထားပြီး ဖြစ်သော်လည်း ဖွေးဖွေးမှာ လုံးဝရောက်မလာခဲ့ဘူးလို့ ယင်းတိုင်စာထဲတွင် ရေးသားထားပါတယ်။

play

ကြော်ငြာရိုက်ကူးဖို့အတွက် စံရံငွေတစ်ချို့တစ်ဝက်လည်း ဖွေးဖွေးကို ပေးချေထားပြီးသားလို့ စင်ရော်မောင်မောင်က ပြောပါတယ်။

ဆိုင်ဖွင့်ပွဲမှာ ယနေ့နံနက် ၈ နာရီဖြစ်ပြီး ဖိတ်ကြားထားသူများ ရောက်ရှိနေသော်လည်း ဖွေးဖွေးက ၁၀ နာရီခွဲခန့်မှ ရောက်ရှိမှာ ဖြစ်လို့ ဖွင့်ပွဲအခမ်းအနားကို နောက်ဆုတ်ပေးခဲ့သော်လည်း လုံးဝလာရောက်လာခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

play

ရိုက်ကူးရေးနဲ့ ဖွင့်ပွဲအတွက် ဖွေးဖွေးရဲ့ပျက်ကွက်မှုကြောင့် ငွေကြေးအမြောက်အမြား ကုန်ကျလို့ ဖွေးဖွေးကို အရေးယူပေးဖို့ စင်ရော်မောင်မောင်က တိုင်ကြားထားတာ ဖြစ်ပါတယ်။

Source : စင်ရော်မောင်မောင်ဖေ့စ်ဘွတ်

Photos : စင်ရော်မောင်မောင်ဖေ့စ်ဘွတ်နဲ့ ဖွေးဖွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ