Local Celebrity: မိုးအောင်ရင်ကို စက်တင်ဘာလကုန်ပိုင်းမှာ ရုံးထုတ်စစ်ဆေးမယ်

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်မိုးအောင်ရင်ဟာ သြဂုတ် ၂၉ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

play


မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို ရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ပုဇွန်တောင်မြို့နယ် တရားရုံးကနေ ရမန်ရယူခဲ့ကြောင်း သိရပါတယ်။ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်မိုးအောင်ရင်ဟာ သြဂုတ် ၂၉ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

play


မိုးအောင်ရင်ကို လာမယ့် စက်တင်ဘာ ၂၆ ရက်မှာ တရားရုံးထုတ် စစ်ဆေးသွားမယ်လို့ ပုဇွန်တောင်မြို့နယ် တရားရုံးက ဆိုပါတယ်။

မိုးအောင်ရင် ငှားရမ်းနေထိုင်တဲ့ တာမွေမြို့နယ်ရှိ နေအိမ်ကို ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအချို့နဲ့ ဆေးခြောက်လို့ယူဆရတဲ့ အရွက်ခြောက် ၃၄ ဒသမ ၃၃ ဂရမ်ကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

play


မိုးအောင်ရင်နေထိုင်ရာ အိမ်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ၎င်းကို မတွေ့ရှိရဘဲ သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ ဘုန်း မြင့်အောင်နှင့် လူလူသန်းဦးတို့ကို တွေ့ရှိခဲ့ရပါတယ်။

play


မိုးအောင်ရင်မှာ ပုဇွန်တောင်မြို့နယ်မှ အိမ်တစ်အိမ်မှာရောက်ရှိကြောင်း ၎င်းရဲ့သူငယ်ချင်းများက ထွက်ဆိုခဲ့တာကြောင့် ပုဇွန်တောင်ရဲတပ်ဖွဲ့က မိုးအောင်ရင် ရောက်နေတဲ့ နေအိမ်ကို လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းလွယ်ထားတဲ့ အိတ်အတွင်းမှ ICE မူးယစ်ဆေးဝါးများနဲ့အတူ စက်တင်ဘာ ၉ ရက် နံနက် ၄ နာရီခန့်မှာဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Popular Journal , 7Day TV, 7Day Daily, DVB News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ