Local Celebrity: ရွှေ့ပြောင်းအလုပ်သမားများအတွက် အခမဲ့ ဖျော်ဖြေပွဲ

နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်မယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာလ(၃၀)ရက်နေ့မှာ Ve Ve ၊ Myanmar Media 7နဲ့ ရွှေစင် Entertainment တို့ ဦးစီးကာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပျော်ရွှင်စေဖို့အတွက် အခမဲ့ ဖျော်ဖြေပွဲကြိးကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေသွားမယ့် အဲ့ဒီ အခမဲ့ ပွဲကြီးကို ထိုင်းနိုင်ငံ မဟာချိုင်မြို့ မူစီရပ်ကွက် ၊ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ညနေ(၆)နာရီမှ စတင်ကာ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမိမြေမှ အကြောင်းအမျိုးမျိုးကြောင့် မခွဲချင်ဘဲ ခွဲခွာနေရတဲ့ သူများအတွက် စိတ်အပန်းပြေစေရန် တတ်အားသရွေ့ စီစဉ်ထားတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် မြန်မာတွေ အားလုံးဆုံဖို့ ထွန်းထွန်းက သူရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ ဖိတ်ခေါ်ထားပါတယ်။

Photo : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ