Local Celebrity: မင်္ဂလာဆောင်တော့မယ့် မြင့်မြတ်

၂၀၁၇ခုနှစ်ထဲမှာ မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ သိရပါတယ်။

play

 

ချစ်သူသက်တမ်း (၅)နှစ်ရှိပြီဖြစ်တဲ့ မြင့်မြတ်တို့ ချစ်သူစုံတွဲကတော့ နောက်နှစ်ထဲတွင် မင်္ဂလာပွဲ ကျင်းပပြုလုပ် တော့မယ်လို့ သိရပါတယ်။၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်မယ်လို့ မြင့်မြတ်က ပေါ်ပြူလာဂျာနယ်ကို ဖြေထားပါတယ်။

play

 

Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးနေကတည်းက ပရိသတ်တွေ စိတ်ဝင်စားတာ ခံနေရတဲ့ မြင့်မြတ်တို့ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ ရန်ကုန်မှာ နှစ်ပွဲနဲ့ မန္တလေးမှာ တစ်ပွဲ ပြုလုပ်ဖို့ စီစဉ်ထားတုန်းလို့ သိရပါတယ်။

play

 

လောလောဆယ်မှာတော့ မင်္ဂလာပွဲကို ဘယ်မှာ ကျင်းပမလဲဆိုတာ စီစဉ်နေတုန်း ဖြစ်တယ်လို့ မြင့်မြတ်က ဆိုပါတယ်။အိမ်ထောင်ကျပြီးရင်လည်း အနုပညာအလုပ်တွေကို ဆက်လုပ်လုပ်သွားဦးမယ်လို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ