Local Celebrity: လက်ထပ်ဖို့ ပိုက်ဆံစုနေတဲ့ ကျော်ထွဋ်ဆွေ

ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ ပိုက်ဆံစုနေပြီ ဖြစ်ပါတယ်။

play

 

ချစ်သူသက်တမ်း ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ချစ်သူကောင်မလေး နန်းသူဇာနဲ့ လက်တွဲဖို့အတွက် ကျော်ထွဋ်ဆွေက တော့ ပိုက်ဆံစုနေပြီလို့ သိရပါတယ်။ အိမ်စီးပွားရေးအလုပ်လေးတွေ လုပ်ပေးနေတာကြောင့် အခွေဘက်ကို မလှည့်နိုင်သေးတဲ့ သူက ဒီဇင်ဘာမှာ ဒုတိယမြောက် တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

play

ဒုတိယတစ်ကိုယ်တော်အခွေကို ပထမအခွေနဲ့ မတူဘဲ ခေတ်နဲ့အညီ ပုံစံအသစ်နဲ့ တင်ဆက်ထားပြီး သီချင်း စုစုပေါင်း ဆယ်ပုဒ်ကျော်လောက်ပါဝင်မယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာ၂၉ရက်နေ့တွင် ကျင်းပမယ့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးလုပ်ငန်းများအတွက် ရန်ပုံငွေဂီတပွဲတော်တွင် ကျာ်ထွဋ်ဆွေသည် J me၊ G tone၊ ဂျောက်ဂျက်၊ Little Z၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ အိမ့် ချစ်၊ အမွန်းတို့နှင့်အတူ ပါဝင်ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

Source  : 7day Daily

Photo   : ကျော်ထွဋ်ဆွေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ